မိုးကုတ်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းကွင်းကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကာ ဆက်လက်ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းကွင်းကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကာ ဆက်လက်ကောက်ယူ


MNP -  ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မိုးကုတ်မြို့နယ်ရှိ ရပ်ကွက်ကြီး(၅)ရပ်ကွက်တွင် မြေပြင်စာရင်းကောက်ယူခဲ့ရာ မြို့နယ်‌ (working Group) မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီမှ တစ်အိမ်တက်ဆင်းမြေပြင်လူဦးရေစာရင်းများကောက်ယူခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်၊၊


အဆိုပါ ကွင်းဆင်းကောက်ယူခြင်းကို မိုးကုတ်မြို့နယ်ရှိ ‌မြို့မအုပ်စု၊ ရှောလီဝိုင်းအုပ်စု၊ ရေပူအုပ်စု၊ မင်းတံတားအုပ်စု၊ လယ်ဦးအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်ဗိုလ်မှူးကျော်သူရွှေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဖုန်းနိုင်၊ နယ်မြေရဲစခန်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ရပ်/ကျေးစာရေး၊ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါကြီးကြပ်ဆောင်ရွက်‌‌ကာ လိုအပ်ချက်များအား ညှိုနှိုင်း‌ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်၊၊


နန်းခွာညိုနှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)