MNP - ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် Working Group အဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့များက ရန်အောင်မြင်ကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များ မှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း (၅)မျိုး စာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။
ဒက္ခိဏသီရိမြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို
https://t.me/MyanmarNationalPost


No comments:
Post a Comment