MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကို ယနေ့ ညနေ ၃ နာရီက ပေါက်တောမြို့နယ်တောင်းဖူးကျေးရွာရှိ အလကကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုး နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ဦးဆောင်ဆွေးနွေးကာ Grade -8 မှ ကျောင်းသူ မမြတ်ဆန်းဝေ က လူငယ်နှင့်ရည်မှန်းချက်၊ Grade-8မှ ကျောင်းသူ မမြတ် မြတ်ဆန်း စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ Grade- 8မှ ကျောင်းသား မောင်ကျော်ဝင်းစိုး က လူငယ်နှင့်စာရိတ္တ၊ Grade-8မှ ကျောင်းသား မောင်ဇော်ဇော်ဟိန်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအစရှိသည့်ခေါင်းစဉ်ပါအကြောင်းအရာများကိုအသီးသီးဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ( ၄ )ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်တောင်းဖူးကျေးရွာရှိ အလကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေးနံရံကပ်စာစောင်တို့ကိုစိတ်ဝင်စားစွာ ကြည့်ရှုကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment