MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်၊ ဓာတ်ပုံပြပွဲ တို့ကို ယနေ့ နေ့လယ် (၂)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးစန်းဝင်းက အနာ ဂတ် နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့်မျိုးဆက်သစ်လူငယ် ကျောင်း သား /သူများအား ကာယဗ လ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်၊အချင်းချင်းချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်သောအလေ့အထများရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်၊စာပေကိုချစ်မြတ်နိုးလာစေရန်စသည့်ရည်ရွယ်ချက်များဖြင့် စာမေးပွဲနောက်ဆုံးနေ့၌ခုလို လူငယ်အသိပညာပေးဟော ပြောပွဲများနံရံကပ်စာ စောင်ဓာတ်ပုံပြပွဲများပြသရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နွေရာသီကျောင်းပိတ်ရက်များ အတွင်းအပြစ်ကင်းကင်းနှင့်ပျော်ရွင်ကြစေလိုကြောင်းအပျော်လွန်ရင်းပြင်မရတဲ့အမှားကြောင့်ဘဝလမ်းကြောင်းပါပြောင်းလဲသွားနိုင်ပါကြောင်း ဒါကြောင့်အားလပ်ရက်အချိန်ကိုအကျိုးရှိရှိအသုံး ချဖို့လိုအပ်ပါကြောင်းပြောကြားကာ လူငယ်နှင့်ရည်မှန်းချက်၊လူငယ်နှင့်စာရိ တ္တ ၊လူငယ်နှင့်ပေါင်း သင်းဆက်ဆံရေး၊လူငယ်နှင့်ကျန်းမာရေး၊လူငယ် နှင့်ကြီးပွားရေး၊မျိုးဆက်သစ်လူငယ်များမျိုးချစ် စိတ်ရှင်သန်ထက်မြက်ရေး စသောအကြောင်းအရာများအားရှင်းလင်းပြောကြားကာ အနာဂတ်နိုင်ငံ တော်ကြီးအား လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက်သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံအောင် အသိ ပညာ အတတ်ပညာများကိုလေ့လာဆည်းပူးကြပါလို့မှာကြားကာ၊အသိပညာပေးနံရံကပ်စာစောင်ပါ အကြောင်းအရာများကို ရှင်းပြရာ ကျောင်း သား/သူများက ခင်း ကျင်းပြသထားသော လူငယ်အသိပညာပေး နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲတို့ကို စိတ်ဝင်တစား ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment