တောင်ကုတ်မြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ






MNP  -   ဖေဖေါ်ဝါရီ    ၁

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီအချိန်တွင် မြို့မအားကစားကွင်း၌ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးဇာနည်တိုး ကအဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများ အား လိုက်လံနှုတ်ဆက်သည်။ထို့နောက်ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာ အဓိဌာန်ရွတ်ဆို ကြသည်။


ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး က ဖျော်ဖြေတင်ဆက်ကပြပေးသော ကျောင်းသူများအား ဆုများပေးအပ်သည်။


အဆိုပါ ဘောလုံးပြိုင်ပွဲအား ဖေဖေါ်ဝါရီ (၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် ရပ်ကွက်၊ကျေးရွာအုပ်စုများမှအသင်း(၉)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် အဖွင့်ပွဲစဉ် အဖြစ် ကိုင်းရှည်ကျေးရွာ အသင်းနှင့်သိမ်တောင်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)