MNP - ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကော့ကရိတ်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ပါဝင်ဆောင်ရွက်မှုဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်စေရေး စသည့် ကလေးသူငယ်အခွင့်အရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ကော့ကရိတ်မြို့ပေါ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့်စာရေးများက တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment