မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP  -  ဖေဖော်ဝါရီ  ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ ရုံးဌာနများမီးဘေးအန္တရာယ် လုံခြုံရေး အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးများထားရှိ ရှိကြရန် နှင့်မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကို ဒေသခံပြည်သူများသိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများလုပ် ဆောင်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ 


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း  ကိုဗစ်ကာကွယ်ဆေးမထိုးနှံ ဘဲကျန်ရှိ နေသော ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံလျှက်ရှိသည် တို့ကိုပြောကြားခဲ့ပြီး နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့ပေါ်ရပ်ကွက်များရှိဒေသခံ ပြည်သူများအား ယဉ်စည်းကမ်း၊လမ်းစည်းကမ်းများ ကို သိရှိနိုင်ရန်အတွက် အသိပညာပေးလုပ် ငန်းများ လုပ်ဆောင်လျှက်ရှိသည် တို့ကိုပြောကြားခဲ့သည်။ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများ မှ လည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မှခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)