MNP ၊ ဖေဖော်ဝါရီ ၁၅
လက်ပံတန်းမြို့နယ်၊ နတ်ဖန်ကွင်းအုပ်စု၊ ရွှေကြို့ပင်ကျေးရွာနေ ဦးဂတုံး(ခ) ဦးကြီးမြင့် (၆၉) နှစ်သည် ၎င်းအား လာရောက်လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်သမား ၂ဦးအား လုံးထွေးသတ်ပုတ် ခုခံပြီး အသက်ဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ယမန်နေ့ (၁၄-၂-၂၀၂၃) ရက်နေ့က ဦးဂတုံးသည် ၎င်း၏ပဲခင်းမှ ရွာသို့ပြန်လာစဉ် အမည်မသိ အကြမ်းဖက်သမား ၂ဦးက ရှေ့မှ စောင့်နေပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးဂတုံး ၏ ဝဲ/ယာပေါင် ထိမှန်ဒဏ်ရာ (၂)ချက်၊ ကျောကုန်း ရှပ်ထိဒဏ်ရာ (၁)ချက် ရရှိခဲ့ပြီး ဦးဂတုံး က အကြမ်းဖက်သမား ၂ဦး အား ပြန်လည်လုံးထွေးထိုးကြိတ်ခဲ့သဖြင့် အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများ အသုံးပြုသည့် သေနတ် (၂)လက်၊ ၉ မမကျည် ၅တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:
Post a Comment