MNP - ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မိုးမိတ်မြို့နယ်သမဝါယမအသင်းစုမှ ၂၀၂၂ -၂၀၂၃ ဘဏ္ဏာရေးနှစ် အတွင်း သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်း အရင်းမပျောက် မတည်ငွေ ရှမ်းပြည်နယ် ဘတ်ဂျက်ရံပုံငွေသိန်း (၆၅၀)ကျပ်ဖြင့် ဒေသထွက် စပါးဝယ်ယူထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မိုးမိတ်မြို့နယ် သမဝါယမဦးစီးဌာနမှူး ဒေါ်စန်းစန်းဌေးနှင့် အဖွဲ့ဝင်များသည် ဒေသပေါက်ဈေးဖြင့် ဝယ်ယူထားရှိသည့် စပါး (၅၇၂၁) တင်းအား ရွှေပတ္တာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းစု ဂိုထောင်တွင် သိုလှောင်ထားရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူဌေး
https://t.me/MyanmarNationalPost

No comments:
Post a Comment