MNP - ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသား၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဟောပြောဆောင်ရွက်ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံ(၃)နော်ဝုတ်စတီးက မူးယစ်ဆေးဝါးအမျိုးမျိုး၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ ဆွေးနွေးပြောကြားပြီး အငယ်တန်းစာရေး ဦးစောလိုဖိုးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုးကျိုးများ၊ ကွမ်းစားခြင်းဆိုးကျိုးများအား ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စောမင်းသား
https://t.me/MyanmarNationalPost

No comments:
Post a Comment