MNP - ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြု ဗဟိုဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ (၁၅)ရက် နံနက် (၁၀)နာရီ အချိန်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာ ရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို
ရှင်းလင်းပြောကြားပြီးသထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်ချမ်းမြတ်မြတ်နိုးကမီးခိုးမြူငွေ့ ဖြသ်ပေါ်လာပုံ၊မီးခိုးမြူငွေ့အမျိုးအစား၊မီးခိုးမြူ ငွေ့ညစ်ညမ်းမှုဖြစ် ပေါ်ရတဲ့အကြောင်းအရင်းများ၊မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာရတဲ့နောက်ဆက်တွဲဆိုးကျိုးများ၊မီးခိုးမြူ ငွေ့ ညစ်ညမ်းမှု ကြောင့်ဖြစ်ပွားတဲ့အခါလိုက်နာဆောင်ရွက်ရမည့်အ ကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး၊ဒုတိယလက် ထောက်ဦးစီးမှူးဒေါ်သံစဉ်ပွင့်ကမီးခိုးမြူ ငွေ့ ညစ်ညမ်းမှုကိုလျော့ချနိုင်မည့်နည်းလမ်းများ၊မြန်မာနိုင်ငံအနေဖြင့် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုကို လျော့ချရန်အတွက်လက်ရှိ ဆောင်ရွက်နေမှုများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment