MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး လက် ကမ်း စာ စောင်များဖြန့်ဝေပေးခြင်းများကို တောင်ရပ် ရပ်ကွက် မြို့မဈေး ကျောင်း၌ ယနေ့ နံနက် ၁၁ နာရီကအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဒုတိယဦးစီး မှူး ဦးသန်းဌေး နှင့် ဝန်ထမ်းများ မှ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် လက်ကမ်းစာ စောင် တွင်ပါရှိသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားရာ ထိန်းသိမ်းကာ ကွယ်စိုက်ပျိုးရေး၊ ဒီရေတော ကြောင့် ရရှိသောအကျိုးကျေးဇူး၊ ဘူသားမျိုးနွယ်စုသို့ ဆင့်ကဲ ထိခိုက်နိုင်ခြင်း မှသည် ဆိုးရွား စွာ သော ကျန်းမာရေး ထိခိုက်မှုများ ဆီသို့ ဦးတည်ခြင်း၊ ပလက်စတစ်အပါအဝင် စွန့်ပစ် အမှိုက် များ ဆွေးမြေပျက်စီးရန်ကြာမြင့်နိုင်သည့်သက်တမ်းများ၊ လူတိုင်းတတ်နိုင်တဲ့နည်းလမ်း (၅) သွယ်၊ မြို့ ပြဧရိယာများမှ ပလက်စတစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလစ်စ တစ်ပစ္စည်း များကြောင့် ထိခိုက် နိုင်မှု၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား ပင်လယ် သက်ရှိများမှ အစာ အဖြစ် လွဲမှားစွာ စား သုံး မှုကြောင့် သက်ရောက်နိုင်မှုများ စသော လက် ကမ်းစာစောင်တွင် ပါရှိသည့်အကြောင်းအရာများကို ဒေသခံပြည်သူများ သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment