MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေ ခံပညာကျောင်းများတွင် အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့ နံနက် ပိုင်းကအလယ်တန်းအဆင့်များကိုတစ်ရက်နှစ်ဘာနှုန်းဖြင့်စတင် ကျင်းပခဲ့သည်။
အဆိုပါစာမေးပွဲကိုအခြေခံပညာအထက် တန်းကျောင်းများ၊ အခြေခံပညာအထက် တန်းကျောင်း (ခွဲ)များ၊ အခြေခံပညာအလယ် တန်းကျောင်းများ၊အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများ တွင် Grade(4)၊ Grade(6)၊ Grade(7) နှင့်Grade(8) ကျောင်း သား၊ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ပထဝီ ဝင်၊ လူမှုရေး/သမိုင်း၊ အထွေထွေသိပ္ပံ ဘာ သာရပ်များကိုဖေဖော်ဝါရီလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ပြီး၊ Grade (10)၊ Grade(11)ကျောင်းသား၊ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ ဘာသာ ရပ်များကို ဖေဖော်ဝါ ရီလ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ တစ်ရက်လျှင် တစ် ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment