(၇၅)နှစ်မြောက် မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲပြသ



MNP   -   ဖေဖေါ်ဝါရီ      ၁၅

   ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် တွင်(၇၅)နှစ်မြောက် မြန်မာ-ရှရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရမ်းဗြဲမြို့နယ်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက်ကြသည်။


     အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဖေဖေါ်ဝါရီ (၁၈) ရက်‌နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက်မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ၏ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ စုစုပေါင်းမှတ်တမ်းဓာတ်ပုံ (၂၀)ပုံ ပါဝင်ပြီးအများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိရာ   ပြည်သူများမှစိတ်ပါဝင်စားစွာ  လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)