MNP - ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသား၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိစေရန်၊မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဟောပြောဆောင်ရွက်ရာ ဒေသခံပြည် သူများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံ(၃) နော်ဝုတ်စတီး က မူးယစ်ဆေးဝါးအမျိုးမျိုး ၊ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ ဆွေးနွေးပြောကြားပြီး အငယ်တန်းစာရေး ဦးစောလိုဖိုးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာသည့်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ရောဂါ လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဆိုးကျိုးများ၊ ကွမ်းစားခြင်းဆိုးကျိုးများအား ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
စောမင်းသား
https://t.me/MyanmarNationalPost


No comments:
Post a Comment