MNP - ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှပြုလုပ်သော အသက်မွေးဝမ်းကျောင်း အထောက် အကူပြုလူသုံးကုန်၊ အလှကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ကုန်းကျောင်းကျေးရွာ၊ မွေတော်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးခွန်မြင့်သောင်း၊ မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုပွယ်တို့က သင်တန်းဆင်းအမှာစကား အသီးသီးပြောကြားပေးခဲ့သည်။ အဆိုပါ သင်တန်းကို ကျေး လက်ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းငယ် များ ထူထောင်လာနိုင်ကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင် အသေး စားလက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ(၂၀)ဦးတက်ရောက်ကာ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ ဘက်စုံသုံးဆပ်ပြာ စသည်တို့ကို သင်တန်းနည်းပြ ဆရာမ နန်းမွေဖောင်နှင့်နန်းဆိုင်မွမ်းတို့က ၁၅ ရက် ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို နမ့်စန် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment