MNP - ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။
ထို့နောက် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်အောင်နိုင်က ယာဉ်ထိန်းရဲတွေရဲ့တာဝန်ဝတ္တရားများ၊ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရာများ၊ယာဉ်တိုက်မှုအမျိုးအစားများ၊ကားနှင့်ဆိုင်ကယ်မောင်းရာတွင်လိုက်နာရမည့်အချက်များ၊လမ်းလျှောက်ရာတွင် လိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ( Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment