ဖား​ဆောင်းမြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးအဘိုးအဘွား များအားလူမှု့​ရေးပင်စင်​ ထောက်ပံ့​ငွေလက်ဝယ်​အ​ရောက်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖား​ဆောင်းမြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးအဘိုးအဘွား များအားလူမှု့​ရေးပင်စင်​ ထောက်ပံ့​ငွေလက်ဝယ်​အ​ရောက်ပေးအပ်



MNP   -    ဖေ​ဖော်ဝါရီ ၁၆

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာ​ရောက် လူမူ​ရေးပင်စင်​ထောက်ပံ့​ငွေ လက်ဝယ်အ​ရောက်​ပေးအပ်ခြင်းများကို ယ​နေ့နံနက်၉နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင်ဦးနှင့်အဖွဲ့များက ကွင်းဆင်း​ဆောင်ရွက်​ပေးအပ်ခဲ့​ကြောင်းသိရသည်။


ဖား​ဆောင်းမြို့နယ်အတွင်းရှိအသက်( ၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံ​တော်မှတစ်လလျှင်ကျပ်တစ်​သောင်းနှုန်းဖြင့်( ၃) လတစ်ကြိမ်​ထောက်ပံ့​ပေးလျှက်ရှိရာ၂၀၂၂/ ၂၀၂၃ဘဏ္ဍာ​ရေး နှစ်( ​အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ)တတိယ(၃) လပတ်အတွက်လူမှု​ရေးပင်စင်​ ထောက်ပံ့​ငွေအား  အဘိုးအဘွား   တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်း ကို လူမှုဝန်ထမ်း ကယ်ဆယ်​ရေး နှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၏ ဘက်ဂျက်​ငွေစရင်းမှ ​ထောက်ပံ့​ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါလူမှု​ရေး  ပင်စင်​ထောက်ပံ့​ငွေ များကိုမြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင်ဦး၊ မြို့နယ်လူမှူဝန်ထမ်းဦးစီးဌာနမြို့နယ်တာဝန်ခံ​ဒေါ်နန်းချို​လေးမွန်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ရပ်​ကျေးစာ​ရေးများကအိမ်တိုင်ရာ​ရောက်​ထောက်ပံ့​​ပေး​ကြောင်းသိရသည်။


ဖား​ဆောင်းမြို့နယ်အတွင်းတွင်အသက်( ၈၅) နှစ်နှင့်အထက်အဘိုး( ၂၉) ဦး၊အဘွား( ၂၄) ဦးစုစု​ပေါင်း( ၅၃) ဦးရှိရာလူမှု​ရေးပင်စင်​ထောက်ပံ့​ငွေကျပ်( ၁၅၉၀၀၀၀)ကျပ်အားအဘိုးအဘွားများ လက်ဝယ်အ​ရောက်​ထောက်ပံ့​ပေး​ကြောင်းသိရသည်။


နန်းသဲနု​အောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)