နောင်ချိုမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက်ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက်ထောက်ပံ့




MNP   -   ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန် ထမ်းဦးစီးဌာနမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံး လပတ်ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လည်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်းဖြင့် သုံးလစာ တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀/-ကို နောင်ချိုမြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီး ဘိုးဘွား (၃၁၉)ဦးအတွက် စုစုပေါင်းငွေကျပ် ၉၅၇၀၀၀၀/-အား လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဆုကျော်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ငြိမ်းလှလှအောင်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာရပ် ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက  လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)