ပေါက်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စျေးဆိုင်တန်းများအား မြေပြင် ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စျေးဆိုင်တန်းများအား မြေပြင် ကွင်းဆင်းစစ်ဆေး





MNP   -   ဖေဖော်ဝါရီ  ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက် စျေးဆိပ်ဖောင်တော်ဆိပ်ကမ်းရှိ စျေးဆိုင်တန်း များအား ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး  ဦးညီလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်  စျေးဆိပ် ဖောင်တော်ဆိပ်ကမ်းရှိ စျေးဆိုင်တန်းများတွင် တရားမဝင်လောင်စာဆီများသိုလှောင်ထားခြင်းများ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ မရှိ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး အသိပညာပေးဆိုင်ဘုတ်များ ထားရှိစေရေး၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြုတတ်စေရေး တို့ကို အကြံပြု ကွင်းဆင်း စစ်ဆေးခဲ့ ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)