ဒေးဒရဲမြို့၌ မြစိမ်းရောင်ကျေးရွာရွေးချယ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ မြစိမ်းရောင်ကျေးရွာရွေးချယ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးရည်ရွယ်၍ မြစိမ်းရောင်အရင်းမပျောက် ချေးငွေလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာရွေးချယ် ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာများရှိ ပြည်သူများအား မြစိမ်းရောင် အရင်းမပျောက်ရန်ပုံငွေများဖြင့် ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အမှန်တကယ် လိုအပ်သော ကျေးရွာကို စီစစ်ရွေးချယ်ပေးသွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးကျော်စွာမြင့်က မြစိမ်းရောင်ချေးငွေလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာရွေးချယ်မည့် အချက်အလက်များ၊ မြစိမ်းရောင်ကျေးရွာရွေးချယ်မည့် ကျေးရွာမှ အသင်းဝင်များအား ချေးငွေလုပ်ငန်းများ သင်တန်းပို့ချပေးမည့် လုပ်ငန်း များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများက လိုအပ်သည်များကို ဖြည့်စွက်တင်ပြ ဆွေးနွေးခဲ့ပြီး လမုကြီးကျေးရွာအုပ်စု၊ လမုကြီးကျေးရွာအား မြစိမ်းရောင်ချေးငွေလုပ်ငန်းများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)