ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး




MNP  -   ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ် ခေတ္တဦးစီးမှူး ဦးစည်သူအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အလျင်လိုကျေးရွာ၊ ဂုဏ်မင်းအင်းကျေးရွာနှင့် တဲကြီးကုန်းကျေးရွာများ၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့်  ကုန်ထုတ်လမ်းတံတားနှင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ခေတ္တဦးစီးမှူး ဦးစည်သူအောင်နှင့် ကျေးရွာတာဝန်ခံများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)