တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက် လမ်းထပ်ပိုးပြုပြင်ခြင်း ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက် လမ်းထပ်ပိုးပြုပြင်ခြင်း ကွင်းဆင်းစစ်ဆေး



MNP   -   ဖေဖော်ဝါရီ  ၂၇

မ​ကွေးတိုင်း​ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ပြည့်ညင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းအား မြေနီဖြင့်ထပ်ပိုးပြုပြင်ခြင်းကို ယမန်နေ့ကတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသင်းမင်းလတ်၊  မကွေးခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိများသည် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ပြည့်ညင်လမ်း ကျေးရွာချင်းဆက်ကျောက်ချောလမ်း(၁/၁.၅)မိုင်အား မြေနီဖြင့်ထပ်ပိုးပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။


အဆိုပါ ကျေးရွာချင်းဆက်လမ်းလုပ်ငန်းဖြစ်သည့် တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် ပြည့်ညင်လမ်းမှာ ကျောက်ချောလမ်းဖြစ်ပြီး အရှည်(၁/၁.၅)မိုင် အကျယ်(၁၈)ပေ၊ ထု(၂)လက်မဖြစ်ကာ မြေနီဖြင့် ထပ်ပိုးပြုပြင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု(ပြင်/ထိန်း)ရန်ပုံငွေကျပ်(၁၇.၃)သန်းဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း၏ (၅၀%)ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)