MNP - ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (စက်ကုန်း)တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ် သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဟိုပင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးသိန်းကျော်က စာသင်ကျောင်းများတွင် ကြိုတင်ဆောင်ရွက်ထားရှိမည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှု အမျိုးအစားအလိုက် မီးငြှိမ်းသတ်ခြင်း နည်းစနစ်များကို ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကျောင်းသား/သူများအား မီးငြိမ်းစေရေးနည်းလမ်းများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများဖြင့် လက်တွေ့ အသုံးပြုပုံ ပြုနည်းများကို သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟိုပင်မြို့ နယ်မြေ၊မီးသတ်စခန်းမှ ဒုတိယဦးစီးမှူးသိန်းကျော် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
လင်းသွယ်သွယ်ဦး
https://t.me/MyanmarNationalPost


No comments:
Post a Comment