ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ




MNP  -  ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် (၁၂-၂-၂၀၂၃)တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌ဌေးဌေးဝင်းက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ထို့နောက်မှ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် အရုပ်ဆက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲအပြီးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကလျာနှင့် ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းတို့က ဆုနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲသို့ ကွတ်ခိုင်မူလတန်းကြိုကျောင်းမှ ကလေးငယ်များ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ကွတ်ခိုင်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှလည်း လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။


ချစ်မျိုးဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)