ပအိုဝ်းပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်





MNP  -   ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဒေါ်တင်အေးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းမှ နွေရာသီကျောင်းပိတ်ရက် ကာလမှာ သားတို့၊ သမီးတို့အနေနဲ့ ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတဲ့ စိတ်ကူးတွေရှိကြမယ်၊ သားတို့သမီးတို့အနေနဲ့ အပြစ်ကင်းတဲ့ ပျော်စရာမှန်မျှ လွတ်လပ်စွာပျော်ပါတယ်။ အပျော်လွန်ရင်းပြင်မရတဲ့ အမှားကြောင့် ဘဝလမ်းကြောင်းပါပြောင်း သွားတတ်ကြောင်း၊ လူငယ်နဲ့ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ မျိုးဆက်သစ်လူငယ်မျာညး မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ ကျန်းမာရေး၊ လူငယ်နဲ့ ကြီးပွားရေး၊ လူငယ်နဲ့စာရိတ္တစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်တွင်အားကစားထူးချွန်ဆုရရှိသော မနန်းအောင်ဖူးကို ဆုချီးမြှင့်ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်သတင်း စကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)