MNP - ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာ Talk Showကို ယနေ့နံနက်ပိုင်းက အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က Talk Showကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်မှ ဆရာမဒေါ်သန်းသန်းဦးမှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်ကို သဘောတူချုပ်ဆိုနိုင်ရေး ကြိုးပမ်းခဲ့ပုံများနှင့် တိုင်းရင်းသားများ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်၍ သမိုင်းမှတ်တမ်းတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာ စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့်စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများ၊ သင်တန်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် ပြပွဲပြိုင်ပွဲများကို အပတ်စဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment