မိတ္ထီလာတောင်ကန် ဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးဧက ၂၁၈၆ ဧက အကျိုးပြုနိုင်မည့် ရေပေးပြွန်များ ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတောင်ကန် ဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးဧက ၂၁၈၆ ဧက အကျိုးပြုနိုင်မည့် ရေပေးပြွန်များ ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး


MNP  -  ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာတောင်ကန်ဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးဧက ၂၁၈၆ ဧက အကျိုးပြုနိုင်မည့် ရေပေးပြွန်များပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာတောင်ကန်ရေသောက်စနစ်ရှိ ရေပေးပြွန်များမှ နှစ်ကာလကြာရှည်စွာအသုံးပြုခဲ့ပြီဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလျက်ရှိသည်။ ၎င်းပျက်စီးမှုကြောင့် စိုက်ပျိုးရေပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုများနှင့် ရေသုံးစွဲတောင်သူများ စည်းကမ်းမဲ့စွာ ရေရယူခြင်းများဆောင်ရွက်လျက်ရှိသောကြောင့် ရေတံခါးတပ်ခြင်းနှင့် ရေထုတ်ပြွန် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကျယ် ၁ ပေရှိ ကွန်ကရစ်ရေထုတ်ပြွန် ၄ လုံး၊ အကျယ် ၉ လက်မရှိ ကွန်ကရစ်ရေထုတ်ပြွန် ၉ လုံး တပ်ခြင်းလုပ်ငန်းနှင့် ရေတံခါးတပ်ဆင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


အဆိုပါ ရေပေးပြွန်များပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ စိုက်ပျိုးဧက ၂၁၈၆ ဧကကို စိုက်ပျိုးရေစနစ်တကျနှင့် ရေလေလွင့်မှုနည်းပါးစွာ ထုတ်လွှတ်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)