တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး


MNP   -    ဖေဖော်ဝါရီ ၂၈

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိသည်။


တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး၊ ပြင်ပဖြေဆိုသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာနအလိုက် ထုတ်ယူရမည်ဖြစ်သည်။


တိုက်ကြီးမြို့နယ်တွင် အ.ထ.က (တိုက်ကြီး)၊ အ.ထ.က (ဥက္ကံ)၊ အ.ထ.က (ဖလုံ)၊ အ.ထ.က (တော်လတီ)နှင့် အ.ထ.က (အဖျောက်) စသည့် စာစစ်ဌာန (၅) ခု တို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၅၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စန်းကလျာခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)