မြို့သစ်မြို့ခရမ်းချဉ်သီးဈေးကွက်ပြန်လည်ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့ခရမ်းချဉ်သီးဈေးကွက်ပြန်လည်ကျဆင်းလာ



MNP   -   ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် စိုက်ပျိုးရောင်းချသူ တောင်သူအချို့ အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက် တောင်သူများထံက သိရသည်။


"ခရမ်းချဉ်သီးကို မီးဖိုချောင်သုံးစားစရာ ရောင်းကုန်အဖြစ် အဓိကရောင်းချတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၁၀၀၀/၁၅၀၀ ဈေးကနေ တဖြည်းဖြည်းတက်လာတာ တစ်ပိဿာ၂၈၀၀ ကျပ် ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခု ရာသီအကူးအပြောင်း ခရမ်းချဉ်သီးအသစ်များပေါ်ချိန်မှာ ယခင်နှစ်ကဈေးအတိုင်း လက်လီတစ်ပိဿာ ၁ဝဝဝ/၁၂၀၀ ကျပ်အထိ ဈေးကျသွားတဲ့အတွက် ခရမ်းချဉ် စိုက်ပျိုးကြတဲ့ ကျွန် တော်တို့တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန် ရောင်းချ နေကြရကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။


မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက် မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ် နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခု မြို့သစ်မြို့ ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၁၂၀၀ ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။


"ဒီနှစ်ရာသီ အခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေး အကုန်ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီး တစ်မျိုးတည်းသာ ကျပ်၂၈၀၀ ဝန်းကျင်ကနေ  ၁၀၀၀/၁၂၀၀ ကျပ် ဈေးအထိကျသွားခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးက တန်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလား စိုးထိတ်နေရကြောင်း မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ခင်းပိုင်ရှင်များက ဆက် လက်ပြောသည်။


နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှု နည်းသလို ပိုးမွှားကျရောက်မှုလည်း နည်းပါးပြီး မိုးတွင်းကာလ အပင်ငယ်ချိန် မှိုရောဂါကျရောက်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူ တွေရှိသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြုစိုက်ပျိုးရပြီး ဝါနေသောအရွက်များနဲ့ လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost









No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)