မင်းလှမြို့တွင် ၂၀၂၃ ခုနှစ်၊ နွေစပါး (၁၅၈၄)ဧက စတင်စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ၂၀၂၃ ခုနှစ်၊ နွေစပါး (၁၅၈၄)ဧက စတင်စိုက်ပျိုးပြီးစီး


MNP  -   ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့် မုက္ခာဆည်တို့မှရရှိသော စိုက်ပျိုးရေးဖြင့် ၂၀၂၃ ခုနှစ်၊ နွေစပါး စိုက်ပျိုးခြင်း လျာထားချက်ဧက(၁၀၉၆၄)ရှိရာ ယနေ့ထိ နွေစပါးစုစုပေါင်း(၁၅၈၄) ဧကအား စတင်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စု၊ ကျေးရွာပေါင်း (၂၄၇) ရွာတို့၌ ၂၀၂၃ ခုနှစ် နွေစပါးကို ဖေဖော်ဝါရီလ ဒုတိပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ရတနာတိုးစပါး(၈၁၁)ဧက၊ ရက်ကိုးဆယ်စပါး (၆၃၂)ဧက၊ GW-11 စပါး(၅၀)ဧက၊ ထိုင်းနှံကောက်(၉၁)ဧက စုစုပေါင်း (၁၅၈၄)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ နွေစပါးလျာထားချက်ဧကပြည့်မှီနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ နွေစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုး‌ရေးအဆက်မပြတ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကရိယာများ ငှားရမ်းပေးခြင်း စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် ရုံးဝန်ထမ်းများက ကွင်းထဲအရောက်ကူညီ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပေါက်စ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)