ဝေါလေမြိုင်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါလေမြိုင်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်




MNP  -   ဖေဖော်ဝါရီ ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀း၀၀)ချိန်က အ.ထ.က (ဝေါလေမြိုင်)ကျောင်း၌ (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ပြုလုပ်ရာတွင် အထက(ဝေါလေမြိုင်)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်နွယ်နွယ်အေးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးမှူး၊ ဒေါ်နှင်းဝေဦးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် သိကောင်းစရာတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။


ထို့နောက် ဆရာ၊ ဆရာမများမှ ပြည်ထောင်စုနေ့အကြောင်း မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ မှတ်သားထားသည်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရရှိသည်။


နှင်းဝေဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment