MNP - ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိပညာ ပေးဟောပြောခြင်းကို ယနေ့ နေ့လည် ၁ နာရီအချိန်က မောင်ရွှီကန် ကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှ ပတ်ဝန်းကျင် ပျက်စီးခြင်းအကြောင်းသိကောင်းစရာ ဟောပြောရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ပြန်လည်ထူထောင်ရေး၊ ဖန် တီးရေး၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် တည်ရှိဆဲ ကောင်းမွန်နေသည့် သဘာဝ ပတ်ဝန်းကျင်အခြေအနေများကို တက်ကြွစွာ ထိန်းသိမ်းသည့်လုပ်ဆောင်မှုများပါဝင်သည်။
ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်း ကာကွယ် ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်များတွင် လူတစ်ဦးချင်း လိုက်နာရမည့် အ ရာများရှိသကဲ့သို့ အစုအဖွဲ့လိုက် လိုက်နာစောင့်ထိန်းကာကွယ်ရမည့် အကြောင်းအ ရာများ ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယလက်ထောက်ဦးစီးမှူး မှလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် အမှိုက်များကို စည်းကမ်း မဲ့စွန့် ပစ်ခြင်းသည် ပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေနိုင်ပါသည်။ စွန့်ပစ်အမှိုက်များကို မိမိတို့ နေထိုင် သော ပတ်ဝန်းကျင်တွင် ထားရှိသော အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ကြရန် နှင့် မိမိတစ်ဦး တစ်ယောက်ကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမဖြစ်စေရန် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ဒေသခံပြည်သူများ (၅၁) ခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment