ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် (၄၆၇၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးနှံပြီးစီးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် (၄၆၇၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးနှံပြီးစီးပြီဖြစ်




MNP   -   ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသားကျောင်း သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်မှစတင်၍  ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိရာ  ဇန်နဝါရီလ (၃၁)ရက်နေ့အထိ  မြို့နယ်အတွင်း၌  ကျောင်းသား၊ ကျောင်းသူ(၄၆၇၀)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများအလိုက်   စုရပ်များပြုလုပ်၍ ထိုးနှံပေးခဲ့ရာ ဆေးထိုးရန် လျာထား ကျောင်းသား/ကျောင်းသူ (၅၉၂၁)ဦး ရှိသည့်အနက် ဇန်နဝါရီလ (၃၁)ရက်နေ့အထိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသားကျောင်းသူ(၄၆၇၀) ဦးအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)