MNP - ဖေဖေါ်ဝါရီ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လူမှု ဖူလုံရေးအဖွဲ့မှ အလုပ်သမား ဝန်ကြီးဌာန၏ (၂၀၁၂)ခုနှစ်လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေလက်ငင်းအကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားကို ဖေဖေါ်ဝါရီ ၂ ရက် နံနက် ၁၁ နာရီတွင် မြို့နယ်လူမှု ဖူလုံရေးအဖွဲ့ရုံး၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် လူမှု ဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေ က အကျိုးခံစားခွင့် ထုတ်ပေးရခြင်း ရည်ရွယ်ချက် ကိုပြောကြားပြီး ကျိုက်ထိုမြို့နယ် လူမှုဖူလုံ ရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ရည်မွန်သင်းက လူမှုဖူလုံရေး အသင်းဝင်များ အားလုံးကို ကျန်းမာရေး စောင့်ရှောက်ခြင်း အလုပ်ခွင်တွင်ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် တာဝန်ထမ်းဆောင်နေစဉ်အကြောင်းအမျိုးမျိုးကြောင့်သေဆုံးခဲ့မှုအတွက် ဥပဒေနှင့်အညီ အကျိုး ခံစားခွင့်အားထုတ်ပေးလျှက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မှ မြို့နယ်လျှပ်စစ်အင်ဂျင်နေယာ ဦးရဲမင်းနိုင် ကအာမခံအလုပ်သမား ဦးမိုင်းအောင်နေထွန်း ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုနှင့် ပတ်သက် ၍အကျိုးခံစားခွင့် ရရှိစေရန်ဆောင်ရွက်ပေးသည့် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိ သူများအားကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမ ခံအလုပ်သမား ဦးမိုင်းအောင်နေထွန်း ထိခိုက်သေဆုံးခဲ့မှုအတွက် နာရေးစရိတ်ငွေကျပ်(၃၆၅၇၅၀)ကျပ်နှင့်ကျန်ရစ် သူငွေလုံးငွေရင်းအကျိုးခံစားခွင့်ငွေကျပ်(၈၂၅၀၀၀၀)ကျပ်စုစုပေါင်းငွေကျပ်(၈၆၁၅၇၅၀)ကျပ်အား မွန်ပြည်နယ် လူမှုဖူလုံရေးရုံးမှလက်ထောက်ညွှန်ကြား ရေးမှူး ဦးသက်ဆွေမှကျန်ရစ်သူဦးမိုင်းအောင်နေထွန်း၏ဇနီးဒေါ်သက်သက်မွန် အားပေးအပ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment