MNP - ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု တောင်သူဒေါ်နန်းထူး ယာခင်းတွင်း၌ စိုက်ပျိုးထားသော ဆင်းရွှေကြာ (၂) မျိုးစေ့ထုတ် စိုက်ခင်းနေရာ၌ စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်း၍ ကြီးကြပ် ဆောင်ရွက်ပေးခဲ့ရာတွင် (၆.၆)ပေ စံကွက်ကို ကောင်း၊ သင့်၊ ညံ့၊ အလိုက် ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှ ၂၈.၆၅ တင်းထွက်ရှိကြောင်းသိရသည်။ မိုးနဲမြို့နယ်တွင် ဆီရိက္ခာဖူလုံရေးအတွက် ပန်းနှမ်း၊ မြေပဲ၊ နေကြာ သီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆောင်နေကြာ စိုက်ပျိုးခြင်းအား ၄၈ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာနေတောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment