MNP - ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ပြဘုတ်၌ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင်ကျရောက်မည့် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြသရာတွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်း ဓာတ်ပုံများ ပါဝင်ပြီး ပြည်သူများမှ လာရောက်ကြည့်ရှု့ လေ့လာလျက်ရှိသည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံး၏နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဥ်သတင်းများ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ သိရှိစေရေး ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment