(၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ပြဘုတ် ပြသဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်




MNP  -    ဖေဖော်ဝါရီ ၁၆

နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လုပ်ငန်းတစ်ရပ်အနေဖြင့် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့တွင်ကျရောက်မည့် ၇၅နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယမန်နေ့နံနက်ပိုင်း အချိန်က ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသဆောင်ရွတ်ပေးထားကြောင်း သိရသည်။


အဆိုပါ နံရံကပ် ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလယ်ဆောင်ရွက်ချက်များ စည်းဝေးပွဲ တက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှု့မှု မှတ်တမ်းများအား ဝေဝေဆာဆာပြသထားရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် မြို့နေပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရမ်းမြို့နယ်ရုံးအနေဖြင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများအား လစဉ်ပြသလျက်ရှိပြီး နိုင်ငံတော်မှကြီးမှူးကျင်းပသည့် ပွဲတော်များ၊ နေ့ကြီးရက်ကြီးအခမ်းအနားများနှင့် နိုင်ငံတော်၏ တည်ဆောက်ပြုပြင်ဆောင်ရွက်ချက်များအား လစဉ်ပြသပေးလျက်ရှိကြောင်း သိရသည်။


ကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)