MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နှစ်ဆုံးစာမေး ပွဲများကို ယမန်နေ့နံနက်မှ စတင်ကျင်းပလျက်ရှိရာ၊ ဖေဖော်ဝါရီ (၁၅)ရက်နေ့တွင် ဒုတိယနေ့အဖြစ် ကျောင်းအသီးသီး၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲများကို Grade-6၊ Grade-7၊ Grade-8 ကျောင်းသား/ ကျောင်းသူလေးများက ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင် မြန်မာစာဘာသာရပ် နှင့် အင်္ဂလိပ်စာဘာသာရပ်၊ ယနေ့ဒုတိယနေ့အဖြစ် သင်္ချာဘာသာရပ် နှင့် ပထဝီဝင်ဘာသာရပ်များကို ဖြေဆိုနေခြင်း ဖြစ်ကြောင်းသိရပြီး၊ တတိယ နေ့တွင် သမိုင်းဘာသာရပ် နှင့် သိပ္ပံဘာသာရပ်တို့ကိုဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် Grade-10 နှင့် Grade-11 ကျောင်းသား/ကျောင်းသူများအနေဖြင့် တစ်နေ့တစ် ဘာသာ ဖြေဆိုလျက်ရှိပြီး၊ ပထမနေ့ မြန်မာစာ ဘာသာ၊ ယနေ့ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ် ကို ဖြေဆိုလျှက်ရှိကြောင်းသိရသည်။ အဆိုပါ စာမေးပွဲများ ဖြေဆို ရာတွင် K-G မှ Grade- 3 အထိ ကျောင်းသား/ကျောင်းသူလေးများကို သင်ကြား/ သင်ယူ တတ်မြောက်မှုစစ် ဆေး ပေးခြင်းဖြစ်ပြီး၊ Grade-4 မှ Grade-11 အထိ ကျောင်းသား/ကျောင်းသူများကို နှစ်ဆုံး စာမေးပွဲ စစ်ဆေး ခြင်း ဖြစ်ကြောင်း နှင့် Grade-5 နှင့် Grade-9 စာမေးပွဲများကို လာမည့် ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင် စတင်ဖြေဆို ရမည် ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost



No comments:
Post a Comment