MNP - ဖေဖေါ်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် “ဝန်ထမ်းကျင့်ဝတ်” စာအုပ် စာမျက်နှာ ၄၅ မှ “ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိမ်းရမည့် ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများကိုလည်း အမြဲတစေသိရှိနိုင်စေရန် ဝန်ထမ်းကျင့်ဝတ်စာအုပ်ကို လေ့လာဖတ်ရှု သင့်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဒေါ်ဖြိုးဝေသူက “ဌာနဆိုင်ရာအရေးယူခြင်း” ခေါင်းစဉ်ပါအကြောင်းအရာကိုလည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက “အရေးယူခံရသော ဝန်ထမ်း၏ အခွင့်အရေးများ” ခေါင်းစဉ်ပါ အကြောင်းအရာကိုလည်းကောင်း ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများအချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment