MNP - ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အ.ထ.က (၂)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟော ပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာပေ၏တန်ဖိုးခေါင်းစဥ်ဖြင့် ကျောင်းသား၊ကျောင်းသူများကို အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပ ဗဟု သုတများရရှိစေမည့် သုတ၊ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်စေဖို့၊ စဥ်စားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော် အမြင်မြှင့်မားဖို့၊ အသိပညာဗဟုသုတရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့် အလေ့အထများကို လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ခင်းကျင်း ပြသထား ရာတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ကျောင်းသားကျောင်းသူလေးများအား အချိန်ရှိခိုက်လုံ့လစိုက်၍ စာပေ၏အကျိုးကျေးဇူး၊ စာပေ၏ တန်ဖိုးရှိပုံများ၊ စာပေကိုချစ်မြတ်နိုးပြီးတန်ဖိုးထားကာ လေလ့ာဖတ်ရှုစေရေးအတွက် ကျောင်းများအား လှည့်လည်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံများကို ဆက်လက်၍ ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment