MNP - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဥ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဖြေဆိုမည့်ကျောင်းများအလိုက် လုံခြုံရေးတာဝန်များ ချမှတ်ခြင်း၊ အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက်ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ မိမိတို့ရုံးအဆောက်အဦ အတွင်း အပြင် သန့်ရှင်းသာယာလှပစေရေးကိစ္စရပ်များ၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ရုံး/ကျောင်းတို့ကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့နယ်လူမှုအကျိုးပြုဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြပေးကြရန်ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment