နတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား(၁၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား(၁၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်


MNP  -  ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တမာပင်ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊   မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့်  အမျိုးသမီးရေးရာအဖွဲ့များ၊  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တမာပင်ရပ်ကွက် စာရေးနှင့်အုပ်ချုပ်ရေးမှူးတို့က အဘိုး/အဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် အဘိုး/အဘွား (၁)ဦးလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် (၃)လစာငွေကျပ် (၃၀၀၀၀)ကို အဘိုးအဘွား (၁၂)ဦးအား စုစုပေါင်းငွေကျပ် (၃၆၀၀၀၀) အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)