MNP - ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေ ယာဉ်(စကု)တို့သည် ယနေ့တွင် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၉၈ ဦးကို ယင်းမြို့ရှိ ဦးဟိုက်ပင့်တံတားဆိပ်ကမ်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၂၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၈ ဦး၊ ကလေး ရောဂါ ၇၃ ဦး၊ အရိုးအကြောရောဂါ ၃၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၄၃ ဦး၊ မျက်စိရောဂါ ၄၁၉ ဦးနှင့်သွားရောဂါ ၁၁၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၅၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၄၀ တို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာ ၈၉ ဦး၊ ECGစက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment