MNP - ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ဇန်နဝါရီ(၃၁)ရက် နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ စာရေး(၄၀)ဦးအား လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပါကလေးသူငယ်အခွင့်အရေးများ အသိပညာ ပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲကို မိမိတို့ဒေသရပ်ရွာရှိ ကလေးသူငယ်တိုင်းကို သူတို့အပေါ်ကျရောက်လာမည့်အန္တရာယ်များကို ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ရန်၊ ကလေးများအပေါ်လျစ်လျူရှု ခြင်း၊ အလွဲသုံးခြင်း၊ နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်း၊ ခေါင်းပုတ်ဖြတ်ခြင်းခံရသော ကလေးများအား နိုင်ငံတော်နှင့်ပြည်သူများ အားလုံးက ကာကွယ်စောင့်ရှောက်ပေးရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက အမှာစကား ပြောကြားပြီး မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများ၊ ဝန်ကြီးဌာနမှစီမံဆောင် ရွက်ထားရှိသည့် လုပ်ငန်းစဉ်များ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment