စဉ့်ကိုင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး



MNP  -   ဖေဖော်ဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရှိရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့၀န်ကုန်းကျေးရွာအုပ်စု၊  ကြည်ရွာကျေးရွာနှင့် အုန်းပင်ခြံကျေးရွာအုပ်စု၊ ကသဲစုကျေးရွာတို့တွင်  ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


အဆိုပါ ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာ၀န်ခံအင်ဂျင်နီယာများကတင်ဒါအောင်မြင်သည့် (Bi  hope  world Co.Ltd)မှ တာ၀န်ခံများနှင့်တွေ့ဆုံပြီး  အရည်အသွေးပြည့်မီရေးဆောင်ရွက်ပေးနေမှုအခြေအနေ၊   ဆောင်ရွက်ပြီးစီးမှုအခြေအနေ ဆောင်ရွက်ရန်ကျန်ရှိနေမှုအခြေအနေများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။


စက်ရေတွင်းနှင့်ရေစင်ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့်ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ်-(၁၉.၉၉၃) သန်းဖြင့် အကုန်အကျခံဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါစက်ရေတွင်းနှင့် ရေစင်များဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်းရှိ  ပြည်သူများအနေဖြင့် သန့်ရှင်းသောသောက်သုံးရေများရရှိပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူ ပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာ၀န်ခံအင်ဂျင်နီယာတစ်ဦးထံ ကသိရသည်။


၀င်း၀င်းသန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)