ပေါင်းတည်မြို့နယ်တွင် ဆီထွက်သီးနှံ နေကြာ ၁၅၁၇ ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် ဆီထွက်သီးနှံ နေကြာ ၁၅၁၇ ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း


MNP   -   ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ ၁၅၁၇ ဧက စိုက်ပျိုးထားရှိရာ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆီထွက်သီးနှံကို မြစိမ်းရောင်စီမံကိန်းဖြင့်လည်းကောင်း၊ တောင်သူများ၏ စိုက်ပျိုးသီးနှံအဖြစ်လည်းကောင်းစားသုံးဆီ ဖူလုံရေးအတွက်စိုက်ပျိုးထုတ်လုပ်ရန် စိုက်ပျိုးထားခဲ့ပြီး ယခုအခါနေကြာစိုက်ခင်းများသည် ရှင်သန်ကြီးထွားလျက် ဆီထွက်သီးနှံအဖြစ် ဖြစ်မြောက်အောင်မြင်နေပြီဖြစ်ကြောင်း၊ ယင်းဆီထွက်သီးနှံကို မတ်လနှင့် ဧပြီလအတွင်း ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း စားသုံးဆီဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သူရကြီး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)