MNP - ဖေဖော်ဝါရီ ၁၉
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာတော် Prof. Dr. Phramaha Surasak က ယနေ့မွန်းလွဲ ၂ နာရီတွင် တက္ကသိုလ်ဗဟိုဆောင် ပုဂံခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ မဟာချူလာလောင် ကွန် ဗုဒ္ဓတက္ကသိုလ်တို့အကြား ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သင်ကြားရေးကိစ္စရပ်များ၊ သင်ခန်း စာ ဖလှယ်ရေးအစီအစဉ် (Curriculum Exchange System) များနှင့် တက္ကသိုလ်များအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးတော် မူကြကာ ဂါရဝပြုလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ တက္ကသိုလ်မှ ဌာနကြီးမှူးဆရာတော်များ၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးစိန်မော်နှင့် မဟာချူလာလောင်ကွန်ဗုဒ္ဓ တက္ကသိုလ်မှ တက္ကသိုလ်ကောင်စီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment