အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ သက်တော် (၈၄) နှစ်ပြည့် မွေးနေ့ ကုသိုလ်တော်မင်္ဂလာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ သက်တော် (၈၄) နှစ်ပြည့် မွေးနေ့ ကုသိုလ်တော်မင်္ဂလာကျင်းပ


MNP   -    ဖေဖော်ဝါရီ ၁၉

နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ သက်တော် (၈၄) နှစ်ပြည့်မွေးနေ့ ကုသိုလ်တော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်ရှိ စိန်ရတုသာသနာ့မင်္ဂလာတော် ကျောင်းဆောင်ကြီး၌ပြုလုပ်ရာ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ပြည်နယ် မော်လမြိုင်မြို့ မြစေတီရံကျောင်း ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။


ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များက လှူဒါန်းသည့် အလှူငွေများကို တိုင်းမှူးက လက်ခံရယူသည်။


ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်ထံမှ ဩဝါဒတရားများနှင့် မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ ရိပ်သာကြီးများ၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒထံမှ အနုမောဒနာ တရားများ နာယူခဲ့ကြကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)