MNP - ဖေဖေါ်ဝါရီ ၂၇
ရခိုင်ပြည်နယ် ၊ အမ်းခရိုင် ၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ များအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ် ပေး ခြင်းကို ေဖဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနမျာအလိုက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အမ်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုဖွင့်လှစ်သွားမည်ဖြစ်ပြီး စာစစ်ဌာနများအ ဖြစ် မြို့ပေါ် တွင် အမှတ်(၁)၊အမှတ်(၂)အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများ၌လည်းကောင်း ၊ တပ်တောင်မြို့၌ အ-ထ-က( (တပ်တောင်)၌လည်းကောင်း ၊ စာစစ်ဌာန( ၄)ခုခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အမ်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေး ပွဲကို ကျောင်း တွင်းမှဖြေဆိုမည့်သူ(၇၁) ဦး ၊ ပြင်ပမှဖြေဆိုမည့်သူ (၈၇၉ )ဦး စုစု ပေါင်း(၉၅၀)ဦးရှိကြောင်းနှင့်မြို့ပေါ်ရှိ အ ထ ကကျောင်း(၃)ကျောင်း၌(၅၄၈)ဦးနှင့်အထက တပ်တောင်၌(၄၀၂)ဦးဖြေဆိုသွားမည့်ဖြစ်သည်၊စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကိုသက် ဆိုင်ရာစာစစ်ဌာနများ၌ ဘာသာတွဲအ လိုက် ဖေဖေါ်ဝါရီ (၂၂) ရက် နေ့မှ မတ် လ(၈)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ တပ်တောင်စာစစ်ဌာန၌အောင်မြင်စွာကျင်းပနိုင်ရေးအတွက်တပ်တောင် မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ ပညာရေးဝန်ထမ်းများ ရပ်မိရပ်ဖများ လုပ်ငန်းရှင်မိဘပြည်သူများတွေ့ဆုံကာဆွေးနွေးဆောင်ရွက်ခဲ့ရာမြို့အုပ်ချုပ်ရေးမှူးကလိုအပ်ချက်များအားပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment